မိုးညိုမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အမျိုးအစားထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက မိုးညိုနှင့် အခြားဆေးထိုးစုရပ် စာသင်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။