ကျိုင်းတုံမြို့၌ ကျား၊ မ ရေးရာ (Gender)နှင့် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်(GBV)ဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျား၊ မ ရေးရာ (Gender)နှင့် ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်(GBV)ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နေလည်   ၁၂ နာရီအချိန်က ဆောင်ရွက်သည်။

ဟိုပန်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရှမ်း​ပြည်နယ်(မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။

ညောင်ဦးခရိုင်ရုံးတွင်   အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်ဓာတ်ပုံများပြသ

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်နှင့်ဓာတ်ပုံများ ပြသခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က ပြသခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ‌အကြိုဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြသ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ကွတ်ချိုးကျေးရွာ အမကကျောင်း၌  ယမန်နေ့မွန်းလွဲ ၁ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။

ဗိုလ်တထောင်မြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံ

ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီ၌ အမှတ် (၆) အခြေခံပညာ မူလတန်း‌ကျောင်း မှ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးကြောင်း သိရသည်။

ဟားခါးမြို့ တော်လှန်ရေးရေကန်အဆင့်မြှင့် ပြုပြင်မွမ်းမံရမည့် အခြေအနေနှင့် ဝမ္မသူးမောင် အားကစားကွင်းရှိ နိုင်ငံတကာအဆင့်မီ မီတာ ၄၀၀ ရာဘာပြေးလမ်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက်ရှိ တော်လှန်ရေးရေကန် အဆင့်မြှင့်တင် ပြုပြင် မွမ်းမံမည့် အခြေအနေ ကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။

မြဝတီမြို့၌ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြဝတီမြို့နယ်အတွင်း၌ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို HazScanner စက်ဖြင့် ယမန်နေ့က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

လဲချားမြို့နယ် အ-လ-က -(၁) ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခြင်းယက် သင်တန်းဆင်းပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခြင်းယက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to