ရန်ကုန် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ ဗဟုသုတရရှိစေမည့် စာအုပ်များကို သွားရောက်ငှားရမ်းပေးခဲ့သည်။
ရွေးလျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး အသစ်ပြန်လည်လဲလှယ်ငှားရမ်းပေးခဲ့သည်။ပြည်သူများနှင့်ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေကို လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်၊ စာပေမှရရှိသည့် ဗဟုသုတများရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)