နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုး

မြစ်ကြီးနား ဇွန် ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည် နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးဆောင်၍ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဝိုင်းမော်မြို့နယ်ရုံး ယန္တရားဂိုဒေါင်အဝန်းအဝိုင်းရှိ လစ်လပ်မြေနေရာတွင် ယမန်နေ့ မွန်းလွဲပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမျိုးသန့် ဦးဆောင်၍ ဝိုင်းမော်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းအင်အား (၂၀)ဦးတို့က ဝိုင်းမော်မြို့နယ်ရုံး ယန္တရားဂိုဒေါင်အနီး လစ်လပ်မြေနေရာများတွင် ရတနာတန်းဝင်အပင်များဖြစ်သည့် ကျွန်းပင် ၅ ပင်၊ ပျဉ်းကတိုးပင် ၅ ပင်၊ အရိပ်ရလေကာပင်များဖြစ်သည့် ဗန်ဒါပင် ၅ ပင်၊ မယ်ဇလီပင် ၅ ပင်၊ စွယ်တော်ပင် ၅ ပင်၊ ကံ့ကော်ပင် ၃ ပင်၊ ဝါးမင်းပင် ၂ ပင်၊ သီးပင်စားပင်များဖြစ်သည့် သရက်ပင် ၅ ပင်၊ လိုင်ချီးသီးပင် ၅ ပင်၊ ဒညှင်းပင် ၃ ပင်၊ ကွမ်းသီးပင် ၃ ပင်တို့အား စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)