ဆိပ်ဖြူ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၄)ဘာသာဖြင့် အောင်မြင်ခဲ့သူအား ဂုဏ်ပြုပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁ဝနာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၄)ဘာသာဖြင့် အောင်မြင်ခဲ့သူနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုအားပေးစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ(ရုံးအကူ) ဒေါ်ခိုင်မြတ်စု၏သမီး ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၄)ဘာသာဂုဏ်ထူးရှင် မထူးနဒီအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်မွှေးရီတို့က အသီးသီး ဂုဏ်ပြုထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏သားသမီး ကျောင်းသား/ကျောင်းသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်နှင့် တာဝန်ရှိသူများက ပညာသင်စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)