စုကလိ ဇွန် ၂၁
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Online မှတစ်ဆင့် ထုတ်လွင့်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးရာသီကာလတွင် အများဆုံး ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေး Talk Show အားလူထုအခြေပြုဗဟိုဌာန (Coomunity Centre) ၌ ပြုလုပ်ခဲသည်။
အဆိုပါဆွေးနွေးပွဲတွင် သွေးလွန်တုပ်ကွေးရောဂါဆိုတာဘာလဲ၊ သွေးလွန်တုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လိုနည်များမှတစ်ဆင့် ကူးစက်နိုင်ပါသလဲ၊ သွေးလွန်တုပ် ကွေးရောဂါလက္ခဏာတွေဟာ ဘယ်လိုပုံစံတွေလဲ၊ ရောဂါလက္ခဏာပြလာချိန်နှင့် ကလေး အခြေအနေများကို အမြဲမပြတ်လေ့လာပြီး ရှောင်ရန်အချက်များကို အပြန်အလှန် ဆွေးနွေး ပေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေး (အင်အားပြ) ဦးကိုကိုအောင်တို့က ဆွေးနွေးခဲ့ကြပြီး We Love Sukali Page တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်