ကြံခင်း ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၆)နာရီအချိန်က စတင်ထုတ်ပေးကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည့်သူဦးရေ စုစုပေါင်း (၁၁၄၆)ဦးရှိရာ နိုင်ငံရေး ပင်စင်စား(၈၇)ဦး၊ ကာကွယ်ရေး ပင်စင်စား(၂၇၈)ဦး၊ မြို့ပြပင်စင်စား(၇၇၀)ဦးနှင့် ဘဏ်ပင်စင်စား (၁၁)ဦးရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
အဆိုပါ ပင်စင်လစာငွေထုတ်ပေးခြင်းကို ယခုလတွင်ဇွန်လ(၂၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ၊ နေ့စဉ် ရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နံနက်(၆)နာရီမှ နေ့လည်(၂)နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ပင်စင်လစာငွေများထုတ်ပေးရာတွင် မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်စားများအားစနစ်တကျ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)