ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဋ္ဌာန ခရိုင်ရုံး(ဟင်္သာတ)၌ ပြည်သူ့ဆက်ဆံရေး သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမူဦးစီးဋ္ဌာန ဟင်္သာတခရိုင်ရုံး၌ ပြည်သူ့ဆက်ဆံရေး သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  ညနေ ၄ နာရီ အချိန်က အဆိုပါရုံးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းပညာပေး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အထွေထွေဗဟုသုတရေးဖြေပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲနှင့် အလယ်တန်းအဆင့် အထွေ‌ထွေဗဟုသုတရေးဖြေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကျင်းပ

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို “မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး” အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်းပြသလျက်ရှိသည်။

ကျောက်မဲမြို့နယ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီက‌ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲတွင် (၃၆၇,၈၈၁) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပါရမီ​ဒေါင့်ကျေးရွာတွင် ၂၀၂၂ ခုနှစ် မိုးစပါး ရာသီသစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ တောင်သူ ဦးဌေးလွင်၏ လယ်ကွင်းအမှတ်-၂၂၊ ဦးပိုင်အမှတ် ၁/၁ တွင် ၂၀၂၂ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများအတွက် ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တိုက်ပွဲရှောင်ရောက်ရှိလာသည့် အိမ်ထောင်စုများ အတွက် ရိက္ခာ(၄)မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန််နေ့ မွန်းလွဲပိုင်းက မြို့မဘုန်းတော်ကြီး ကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်လှူဒါန်း

ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်းအမှုထမ်း ဝန်ထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၉ ချိန်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဗောဓိမဏ္ဏိုင်ဘုန်းတော်ကြီးကျောင်း (ပရိယတ္တိစာသင်တိုက်)သို့ ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့သည်။
Subscribe to