မြင်းခြံ ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သတိပြုရမည့် စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲနှင့် သတင်းတု/သတင်းမှားများ၏ အန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ အနာဂတ်ကိုရည်မျှော်လို့ သစ်ပင်စိုက်ပွဲတော်သွားကြစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတိပြုစရာ မျောက်ကျောက်ရောဂါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ မေတ္တာ ဥယျာဉ်သို့ လှမ်းလာစေချင် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)