တောင်ဥက္ကလာပမြို့နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ  ဇွန်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရန်၊ ကောင်းမွန်သော ရည်မှန်းချက် ထားရှိရန်၊ ယနေ့လူငယ်လေးများ မူးယစ်ဆေးဝါး၏သားကောင်ဘဝသို့ မကျရောက်စေရန် စသည့်ဖြင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာပေချစ်မြတ်နိုးသူ ဆရာဦးမြင့်ဆန်းမှလည်း ယနေ့ခေတ် လူငယ်လူရွယ်များ၏ အကျင့်စိတ်ဓာတ်နှင့် စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံး လှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်အတွက် တက္ကသိုလ်စိန်မြင့်ထွန်းရေးသားသော “ မူးယစ်အန္တရာယ် လူ့ရန်စွယ်ကာကွယ်တိုက်ဖျက် လက်ချင်းဆက် “စာအုပ်မှ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်၊ အရက် အန္တရာယ်၊ ကော်ရှူခြင်းအန္တရာယ်၊ ကွမ်းစားခြင်း အန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နည်းလမ်းများစသည်တို့ကို လူငယ်များ မူးယစ်ဆေးဝါးနှင့် ပက်သတ်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် အသိပညာဗဟုသုတများရရှိ‌စေရန် ဟောပြောခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ကိုဗစ်-၁၉ရောဂါကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။

ခင်ဆွေနှင်း