မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မယ်စဲ့  ဇွန်   ၂၁

ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ယနေ့နံနက်  ၁၀ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စောဝတ်ရည်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမင်းဇာနည်အောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ နောက်ဆက်တွဲခံစားရမှုများ၊ ဥပဒေများ၊ ပြစ်မှု /ပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)