လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းတွင် ကလေးများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ

လှိုင်သာယာ(အနောက်ပိုင်း)  ဇွန် ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သခင်မြလမ်းရှိ ရတနာသီရိမြို့ဦး ဘုန်းတော်ကြီးသင်မူလတန်းလွန်ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီမှ နံနက် ၉:၂၀ နာရီအချိန်အထိ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်မိမိထွေး၊ ဒေါ်ကေခိုင်ဂျူး၊ကြီးကြပ်(၂) ဦးဟိန်းသူရိန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့် ရာအိမ်မှူးများ၊ ပြည်‌တော်သစ်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးဟန်‌ဇော်ဦးနှင့်အသင်းဝင်များက ဆောင်ရွက်ပေးခဲ့ရာ ကျောင်းထိုင်ဆရာတော် ဦးနန္ဒဝံသနှင့် ဆရာ/ ဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား(၉၀)ဦး ကျောင်းသူ(၄၅)ဦး၊ စုစုပေါင်း(၁၃၅)ဦးတို့အား ထိုးနှံပေးခဲ့နိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)