ရန်ကင်း ဇွန် ၂၁
ယနေ့ နံနက် ၆:၄၀ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ကံဘဲ့စည်ပင်အိမ်ရာဝင်း အတွင်းသို့ စျေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသား၊ ငါးများစတင် ရောင်းချပေးနေမှုအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စည်ပင်ဌာနမှူးများ၊ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပေါင်းစပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စားသုံးသူပြည်သူများ အဆင်ပြေစေရေး အိမ်ရာအရောက် စျေးကားများဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများမှာ ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲအား တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည်။ ရပ်ကွက်နေပြည်သူများ၊ စည်ပင်အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းများ၊ မိသားစုများ အဆင်ပြေစွာနှင့် စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် စျေးကားများဖြင့် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက် အချိန်ကုန်ပြီး စျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်ရန်အတွက် စျေးကားများဖြင့် အိမ်အရောက် လိုက်လံရောင်းချပေးလျက်ရှိရာ အဆင်ပြေပြီး စျေးနှုန်းသက်သာသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အဆင်ပြေမှု ရှိပါကြောင်း စျေးဝယ်သူများမှ ပြန်လည်ပြောကြားခဲ့သည်။
သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရေး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြို့နယ်စည်ပင်ဌာနမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်စီစဉ်ကြီးကြပ်ကာ ဝယ်ယူသူပြည်သူများ အဆင်ပြေစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
အိရွှေစင် (ပြန်/ဆက်)