ကိုကိုးကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်မို့မို့ကျော် ဦးဆောင်၍ နယ်မြေခံတပ်အသီးသီးမှ ဆရာဝန်များ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။