မိုင်းငေါ့မြို့(Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုင်းငေါ့ ဇွန် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှုး ဒေါမို့မို့က ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်သွေး ထက်မြတ်စေရန်၊ ဉာဏ်ရည်ဖွံဖြိုးတိုးတတ်စေ၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြောင်း ပြောကြားပါသည်၊။

ထိုနောက် အခြေခံပညာအထက်တန်း‌ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးတို့က ”ဆေးရောင်ခြယ်” ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား ကျောင်းသူများနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများကို အမှတ်တရဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)