ကွန်ဟိန်း ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show အား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မာသွယ်တို့က မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများအား ဆွေးနွေးခဲ့ကြပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ Talk Show အစီအစဉ်အား online မှ တစ်ဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)