မအူပင် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ခွဲ) အ.လ.က(၁) အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါး အမျိုးအစားများနှင့် လူငယ်များအနေဖြင့် မူးယစ်ဆေး၏ ဆိုးကျိုးများကြောင့် လူညွန့်တုံးခဲ့ရသည့် သာဓကများနှင့် မူးယစ်ဆေးဝါး မသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း မြို့နယ်အားကစားနှင့် ကာယပညာမှဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဇင်မာခိုင်က ကျောင်းသား/သူများ ကျန်းမာကြံခိုင်မှုရှိရေး အားကစားကို လိုက်စားရန်နှင့် အားကစားလုပ်ခြင်းဖြင့် ကျန်းမာရေး ကောင်းအောင်နေထိုင်ရေး၊ ကျန်းမာမှပညာသင်ကြားရာတွင် အထောက်အကူဖြစ်ရေးတို့ကို ဟောပြောခဲ့ပြီး ကိုယ်ကာယလေ့ကျင်ခ့န်းအား ကျောင်းသား/သူများနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)