ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ် နှင့် အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်ထိုနှံခြင်းပြီးစီး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ် သာသနာ့ ဗိမာန်နှင့် မြို့နယ် ထွေ/အုပ်ခန်းမအပါအဝင် ကျေးလက်ကျန်းမာရေးဌာနစုရပ် (၁၂)နေရာတို့တွင်ယမန်နေ့ နံနက်ပိုင်း က ဆက်လက်ထိုးနှံပေးခဲ့သည်။

မြဝတီမြို့၌  ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် ဘုရင့်နောင်လမ်းမကြီး တစ်လျှောက် လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်းကို   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌   ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌  ခရိုင်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁၇/၂၀၂၁) အခမ်း အနားကို ယမန် နေ့နံနက် (၁၀)နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။       

လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးလက်ရေပေးရေးလုပ်ငန်း၊ ကုန်ထုတ်လမ်း/တံတားများနှင့်ပတ်သက်၍ မြို့နယ်အဆင့်မိတ်ဆက်ရှင်းလင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်ကာလအတွင်း ဆောင်ရွက်မည့် ကျေးလက်ရေပေး ရေးလုပ်ငန်း၊ ကုန်ထုတ်လမ်း/ တံတားများနှင့် ပတ်သက်၍ မြို့နယ်အဆင့်မိတ်ဆက်ရှင်းလင်း သည့် အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ မိခင်နှင့်ကလေးမူကြိုကျောင်းအား ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်နေမှုကို ကွင်းဆင်းစစ်ဆေး

ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ဖွင့်လှစ်သင်ကြားနေပြီးဖြစ်၍ ယမန်နေ့ နံနက်၁၀ နာရီက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ မိခင်နှင့် ကလေးမူကြို ကျောင်းအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေအားကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

မိုးနဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရန် ဌာနဆိုင်ရာ အသီးသီးပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းများ၊ အသိပညာပေး နှိုး‌ဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်တွင်လည်း ကင်တုံကျေးရွာ နားခါး အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်းဝင်း အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ  ပြည်တွင်း ကူးစက်မှုနှုန်း မြင့်တက်နေသည့်ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ လူဦးရေ ၇၀၀၀၀ ထိုးနှံနိုင်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm နှင့် ဆေးထိုးအပ်များ  တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေး အလုံးရေ ၁၄၀၀၀  ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် Oxygen Cylinder 40L (၉) လုံး နှင့် Flow  Meter  ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် Oxygen Cylinder နှင့် Flow  Meter  ပေးအပ်လှူဒါန်းခြင်းကို  ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to