ရန်ကင်းမြို့နယ်၌ အများပြည်သူစာအုပ်စာပေ ဖတ်ရှုနိုင်ရန် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာပေဖတ်ရှုသည့် အလေ့အထ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်များအား ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများထံသို့ လက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးလျက်ရှိရာ ယမန်နေ့နေ့လယ် ၃နာရီက ရန်ကင်းမြို့နယ် ကော်မရှင်ရုံးသို့ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ Unicef နှင့်​မြန်မာပူပေါင်း ထုတ်ဝေသည့် ကလေးပုံပြင်စာအုပ်များဖြင့်ယမန်နေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်း မ၌ ကျန်းမာ ရေးဝန်ကြီး ဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေးကာ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း လည်ပတ်မှု အခြေအနေအား ကြည့်ရှု စစ်ဆေးကာ မြင်ကွန်းတိုက်နယ် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ် ၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း Mask Campaign လူထုလှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ် အကြား နယ်နမိတ်ထိစပ်လျက်ရှိသော ဆရာစံရပ်ကွက်စက်မှု(၁)လမ်းရှိ ဆရာစံပန်းခြံရှေ့နှင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေါဇာမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြားချက် များဒေသ နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန် မွန်၊မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးသည်။

ထားဝယ်မြို့တွင်တနင်္သာရီတိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဒေါပုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူညွှန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် ယမုံနာ(၁) ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် လယ်ယာသုံးထွန်စက်(၃)စီးနှင့် စပ်ဆက်ပစ္စည်းများအား မြို့နယ်သမဝါယမ ဦးစီးဌာန သို့ လွှဲပြောင်းပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွင် လယ်ယာမြေ များကို ငွေကြေးအကုန်အကျ သက်သာစွာဖြင့် ငှားရမ်းထွန်ယက် စိုက်ပျိုးလုပ် ကိုင်နိုင်ရန်၊ သီးနှံဝင်ငွေတိုးပွားစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် NEW Holland (T–40) ထွန်စက်(၃)စီးနှင့် စပ်ဆက် ပစ္စည်းများအား မြို့နယ်သမဝါယမဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနရုံးတွင် ကျင်းပသည်။

ခေါဇာမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

မွန်ပြည်နယ်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ရေးမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အ‌ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့နံနက် ၁၀နာရီ က ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Center) ခန်းမ၌ဆောင်ရွက်ခဲ့သည်။

ကျိုက်မရောတွင် ဆောင်းရာသီသီးနှံတိုင်ထောင် ပဲသီးများစီးပွားဖြစ် စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေတိုး

ကျိုက်မရောမြို့နယ်ရှိ နတ်စမ်းကျေးရွာတွင်ဆောင်ရာသီ သီးနှံဖြစ်သည့်တိုင်ထောင် ပဲထောင့်ရှည်သီများကို တောင်သူများစီးပွားဖြစ် စိုက်ပျိုးသူများပြားလျက်ရှိပြီး မိသားစုအပို ဝင်ငွေတိုးပွားလျက်ရှိကြသည်။
Subscribe to