ပန်းတောင်းမြို့နယ်၌ မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၂-ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ပန်းတောင်းမြို့နယ် ကုန်းကလေးကျေးရွာအုပ်စု၊ ကျားအိုကျေးရွာရှိ တောင်သူ ဦးခင်မောင်ဝင်း စိုက်ပျိုးထားသော တိရစ္ဆာန် အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ခင်း (၁)ဧက စိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးမျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းအား

မြိတ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး အစီအစဉ်  ဆောင်ရွက်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၅)မူးယစ်အထူးတပ်ဖွဲ့စု တို့ပူးပေါင်း၍ ရိုက်ကူး ဆောင်ရွက်ခဲ့ကြသည်။

သိန္နီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိ ပညာဗဟုသုတတိုးပွားရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ပန်းတနော်မြို့ Community Centre ခန်းမ၌ ကိုယ်လက်လှုပ်ရှားအားကစား အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီးအရှေ့ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂- ခုနှစ် မိုးရာသီတွင် ပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး လှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းl ကျေးလက်နေပြည်သူများ၏ ကျေးလက်အိမ်ယာထူထောင်ရေးအတွက် စိုက်ပျိုးခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့စည်းများl လူထုဖြန့်ပျိုးပင်များ စိုက်ပျိုးခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီက ကျောက်ကြီး ပြည်သူ့အားကစားကွင်း၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဒေါင့်မှန်ကုန်းကျေးရွာရှိတောင်သူ ဦးမောင်မောင်သော်၏ နေဗီယာမြက် (၁)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမျိုးနွယ်၊ မြို့မြေစာရင်းဦးစီးမှူး ဦးအောင်ကျော်စိုး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဖြိုးအိအိစံနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Subscribe to