ရွှေဘိုတက္ကသိုလ်တွင် စားသုံးသူ အကာအကွယ်​ပေး​ရေး အသိပညာ​ပေး​​ ဟော​ပြောပွဲ ကျင်းပ

ရွှေဘို ဇွန် ၂၃

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင် စားသုံးသူ​ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပ​သောစားသုံးသူ အကာအကွယ်​ပေး​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက်၁၀နာရီချိန်​ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင်​ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခ ဒေါက်တာသီတာ​အောင်(ဥပ​ဒေဌာန)က အဖွင့်အမှာစကား​ ပြောကြားပြီး ခရိုင်စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦး​ဇော်မင်းသိန်းက​ဟော​ပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို​ပြောကြားခဲ့ပြီး ဝက်လက်မြို့နယ် တာဝန်ခံဦးမျိုး​အောင်က စားသုံးသူဆိုတာ ကုန်စည် သို့မဟုတ် ဝန်​ဆောင်မှုကို ကုန်သွယ်​ရောင်းဝယ်မှုပြုလုပ်ရန် သို့မဟုတ် အသက်​မွေးဝမ်း​ကြောင်းပြုလုပ်ရန် မဟုတ်ဘဲ ကိုယ််တိုင်သုံးစွဲမှုအတွက်​​သော်လည်းကောင်း အခြားသူအတွက်​သော်လည်ကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ ရယူခြင်း ကုန်စည်​ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ်​ ပေးကမ်း​ထောက်ပံ့ခြင်းခံရသူများကို ဆိုလို​ကြောင်း၊ စားသုံးသူ၏အခွင့်အ​ရေးများ၊ စားသုံးသူ၏တာဝန်များ၊ စီးပွား​ရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စီမံခန့်ခွဲ​ရေးအရအ​ရေးယူခြင်း စသည်များကို ဆွေး​နွေး​ဟော​ပြောခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူး​ဒေါ်နှင်းနှင်းခိုင်က တိုင်ကြားခြင်းနှင့် စီစစ်ညှိနှိုင်း​ ဖြေရှင်း​ဆောင်ရွက်ခြင်းများကို အကျယ်တဝင့်​ဆွေး​နွေး​ပြောကြားခဲ့ပြီး လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)