ကိုကိုးကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ကိုကိုးကျွန်း ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယနေ့နံနက် ၈ နာရီ အချိန်တွင် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်မို့မို့ကျော် ဦးဆောင်၍ နယ်မြေခံတပ်အသီးသီးမှ ဆရာဝန်များ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကျန်းမာရေးစောင့်ရှောက်ရာတွင် နှလုံး၊ ဆီးချို၊ သွေးချို၊ မျက်စိ၊ သွား၊ နား၊ နှာခေါင်း၊ လည်ချောင်းစသော အထွေထွေရောဂါများနှင့် သွေးပေါင်ချိန်ခြင်း အခြားလိုအပ်သော စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အထွေထွေရောဂါများနှင့် သွေးပေါင်ချိန်ခြင်း၊ လိုအပ်သော ဆေးဝါးများကို သက်ကြီးဘိုးဘွားများအားပေးခဲ့ကြောင်းနှင့် ထိုသို့ကျန်းမာရေးစောင့်ရှောက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများကို တစ်လလျှင် တစ်ကြိမ် လစဉ်ပုံမှန်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)