မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေး

မိုင်းငေါ့ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တိုက်နယ်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုကို ယမန်နေ့ နံနက်(၉)အချိန်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သောအားဆေးများပေးခြင်း၊ ကိုယ်ဝန် ဆောင် မှတ်တမ်းရယူခြင်းများလည်း ပြုလုပ်ဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)