နတ်မောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရှိ လူစည်ကားသည့် နေရာများသို့ အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။