အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာ စောင်များဖြန့်ဝေ

ဇွန်၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကားမှတ်တိုင်များ၊ စာသင်ကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍

မိုးနဲမြို့နယ်၌ Mobile library စနစ်ဖြင့် သုတ၊ ရသစာအုပ်များ သွားရောက်ငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်လာစေရန် ရည်ရွယ်၍ Mobile library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး သုတ၊ ရသစာအုပ်များ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

လွိုင်လင်မြို့၌ ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့်ဌာနဖြစ်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်လွယ်ကူ အဆင်ပြေချောမွေ့ပြီး အောင်မြင်နိုင်ရန် ပြည်သူ့ဆက်ဆံရေးသင်တန်းကို အဆိုပါဦးစီးဌာန၊ ယဉ်မောင်စစ်ဆေးရေးဌာနတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင်  ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Covid Shield) ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharm (sinovac) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး Booster (Covid Shield) ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဇွန်လ ၂၁ရက်နေ့နံနက်  ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူ ပြည်သူများအား

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ လယ်ယာမြေများကို နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ရည်ရွယ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။

မိုင်းလုံမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍  မိုးရာသီတွင် အများဆုံးဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်‌‌နေ့ကလူထုအခြေပြုဗဟိုဌာန (Coomunity Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to