အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သိရှိနိုင်စေရန်နှင့် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရေးတို့ကို ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။