မိုးနဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရန် ဌာနဆိုင်ရာ အသီးသီးပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းများ၊ အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်တွင်လည်း ကင်တုံကျေးရွာ နားခါး အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်းဝင်း အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။