လွိုင်လင်မြို့၌ ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်

လွိုင်လင် ဇွန် ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့်ဌာနဖြစ်ရာ လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်လွယ်ကူ အဆင်ပြေချောမွေ့ပြီး အောင်မြင်နိုင်ရန် ပြည်သူ့ဆက်ဆံရေးသင်တန်းကို အဆိုပါဦးစီးဌာန၊ ယဉ်မောင်စစ်ဆေးရေးဌာနတွငဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

ထိုသို့သင်တန်းဖွင့်လှစ်ရာတွင် ယမန်နေ့ ညနေ ၄ နာရီက ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ပြည်သူ့ဆက်ဆံရေးကောင်းတစ်ဦးအတွက် ပြည့်စုံရမည့်အချက်များ၊ အပြုံးဖြင့်နေပါ၊ ပြည်သူများကိုလှိုက်လှဲနွေးထွေးစွာကြိုဆိုရန်၊ ပြည်သူ့အခက်အခဲကို နားထောင်ပြီး ပြေပြေလည်လည်ဆက်ဆံဖြေရှင်းပေးရန်၊ ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် ဆိုးကျိုးဖြစ်စေမည့်အချက်များကို သတိပြုရှောင်ကျဉ်ရန် စသည့်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ ပြည်သူ့ဆက်ဆံရေးသင်တန်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှဝန်ထမ်း ၁၈ ဦး တက်ရောက်ကြ‌သည်။ သင်တန်းကို ဇွန်လ ၂၀ ရက်နေ့ မှဇွန်လ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ပြည်သူ့ဆက်ဆံရေး အခြေခံဝန်ဆောင်မှုပေးခြင်းဘာသာရပ်ကို လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက သင်ကြားပေးပြီး ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့်အခြေအနေအရပ်ရပ်၊ မေတ္တာအပြုံးနှင့်ဂရုဏာနှလုံးသား၊ ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စုတို့ကို တာဝန်ရှိသူများမှ သင်ကြားပေးလျက်ရှိကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရသည်။

လွိုင်လင်မိုး