ရွှေပြည်သာ ဇွန် ၂၃
ဇွန်၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သော မြို့နယ်လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကားမှတ်တိုင်များ၊ စာသင်ကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြသနာနှင့် ဖွံ့ဖြိုး တိုးတက်ရေးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၃၁-၁-၂၀၂၂)ရက်နေ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ပြောကြားသည့် အမှာစကားမှကောက်နုတ်ချက်ဖြစ်သည့် ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ( ၅)ချက်၊ မဟာဗျူဟာ(၂)ရပ်နည်းဗျူဟာ(၃)ရပ်၊ မင်းသန်းနိုင်(မုဒုံ)ရေးသားသည့်ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်း ဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ရုပ်ပိုင်းဆိုင်ရာဆိုး ကျိုးများစသည့် မူးယစ်ဆေးဝါးနှင့်ပက်သက်သည့် အကြောင်းအရာများကို ကျောင်းသား/သူများပြည်သူများသိရှိစေရန် ဖော်ပြထားကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)