ကလိန်အောင်မြို့တွင် အသက်(၁၂) နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား(ပထမ/ ဒုတိယအကြိမ်)အဖြစ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ယမန်နေ့ နံနက်(၉)နာရီ အချိန် တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက (ပထမ/ဒုတိယအကြိမ်) အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။