မိုင်းလုံမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မိုင်းလုံ ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍  မိုးရာသီတွင် အများဆုံးဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်‌‌နေ့ကလူထုအခြေပြုဗဟိုဌာန (Coomunity Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးက သွေးလွန်တုပ်ကွေးရောဂါဆိုတာဘာလဲ၊ သွေးလွန်တုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လိုနည်များမှတစ်ဆင့် ကူးစက်နိုင်ပါသလဲ၊ သွေးလွန်တုပ် ကွေးရောဂါလက္ခဏာတွေဟာ ဘယ်လိုပုံစံတွေလဲ၊ ‌ရောဂါကာကွယ်ရေးနည်းလမ်းများ အပြန်အလှန်ဆွေးနွေးပေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းလုံမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းနှင့် ဓါတ်ပုံကျွမ်းကျင်-၂ (အင်အားပြ) ဦးဌေးလင်းဇော်တို့က ပါဝင်ဆွေးနွေးခဲ့ရာ ယခုလို(Talk Show)များကို မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် တစ်လတစ်ကြိမ် လစဉ်ဆောင်ရွက်ပေးပြီး မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Monglong Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဇော်ဇော်(ပြန်/ဆက်)