မိုးနဲ ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်လာစေရန် ရည်ရွယ်၍ Mobile library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး သုတ၊ ရသစာအုပ်များ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသစာအုပ်အသစ်များကို ထပ်မံ၍ ပြန်လည်ငှားရမ်းပေးခဲ့သည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် Mobile library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ် အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)