မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဇွန်လ(၂၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတောင်သူများ ထန်းဖိုရာသီပြီးဆုံး၍ ထန်းမရာသီစတင်ချိန် ထန်းလျက်ဈေးနှုန်းတက်လာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက်လုပ်ငန်းပြီးဆုံးချိန် ထန်းမထန်းတက်လုပ်ငန်းစတင်ချိန် ထန်းလျက်တစ်ပိသာ ၁၈၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူများထံက သိရသည်။

ဒိုက်ဦးမြို့ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ပေါ်ရှိကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၁၁၀)ဦးအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm ထိုးနှံပေးကြောင်းသိရသည်။

မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးTalk Show ကျင်းပ

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဇွန်လ(၂၃)ရက် နံနက်(၉)နာရီက ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ''မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show"  ကျင်းပခဲ့ကြောင်းသိရှိရသည်။

မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ကွန်ကျိုင်းရပ်ကွက်ရှိ ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။ 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲများနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟု သုတတိုးပွားစေရေးအတွက် ရည်ရွယ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

တောင်ငူ၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အခြေခံငါးမွေးမြူရေးနှင့် ရေချိုးငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေး သင်တန်းကို ကန်ရိုးကျေးရွာ ကေတုမတီငါးမွေးမြူရေး ကုန်ထုတ်သမဝါယမ အသင်းလီမိတက် ကန် ၁၀၀ ငါးမွေးမြူထုတ်လုပ်ရေး စခန်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပရာ တက်ရောက်ကြသူများအား စာတွေ့လက်တွေ့သင်ကြားပို့ချသည်။

ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၂-မိုးသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ ယနေ့အထိ (၂၇၉၉.၅၀)သိန်း ကျပ်ထုတ်ချေးပေးပြီးဖြစ်

နိုင်ငံတော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ညောင်ရွှေမြို့နယ် ဘဏ်ခွဲမှ ဒေသတွင်းစိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၂-မိုး သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့ဇွန်(၂၂)ရက်နေ့တွင် တောင်ပို့ကြီးကျေးရွာအုပ်စု မှ စပါး(၂၆၉)ဧက၊ ပြောင်း(၄၁)ဧက၊ စိုက်ပျိုးရေးတောင်သူပေါင်း (၁၀၀)ဦးအတွက် ထုတ်ချေးငွေပေါင်း (၄၄၄.၅၀)သိန်း ကျပ်ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ခဝဲစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်ပိုင်တစ်နိုင် ခဝဲစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Subscribe to