မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေများ လျော့နည်းမှု မရှိစေရေး ညှိနှိုင်းဆွေးနွေး
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အစည်းအဝေး အမှတ်စဉ် (၃/ ၂၀၂၁) ကို ယနေ့ နံနက် ၁၀နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင်များ တက်ရောက်ကြသည်။