ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရန် ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေအသိပညာပေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ တွေ့ရှိမှု မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။