ပလောက် ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက စာသင်ကျောင်းများနှင့် လူစည်ကားသည့်နေရာများ၌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူ ဟာ(၂)ရပ်နှင့် နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာနှင့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှတ်တမ်းဓာတ်ပုံနှင့် အသိပညာပေးကာတွန်းစသည့် ဗဟုသုတအကြောင်းအရာတို့ကို ထုတ်နှုတ်ဖော်ပြထားပြီး ပြည်သူများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးကြောင့် လမ်းမှားမရောက်ရှိစေရေး ရည်ရွယ်ကာ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)