ကော့ကရိတ် ဇွန် ၂၃
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက်(၁၁)နာရီချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က Talk Showပြုလုပ်ရသည့်ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ မြို့နယ်ရဲမှူးဌေးရွှေက မူးယစ်ဆေးဝါးဆိုသည်မှာ ဦးနှောက်နှင့်အာရုံကြောကို ထိခိုက်ထုံထိုင်းစေခြင်း၊မူးယစ်စေဖြစ်ခြင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ လူငယ်များအနေဖြင့်မူးယစ်ဆေးဝါး သုံးစွဲမိသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် ရရှိသည့်ဆိုးကျိုးအန္တရယ်များ၊ ဥပဒေဖြင့်ပြဋ္ဌာန်းထားသော အပြစ်ဒဏ်များစသည်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်အားအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)