ဒလ ဇွန် ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Onilne မှတဆင့် ထုပ်လွှင့်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး Talk Show အား လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် သွေးလွန်တုပ်ကွေးရောဂါ၏အဓိပ္ပါယ်၊ သွေးလွန်တုပ်ကွေးကူးစက်ခံရနိုင်သော အသက်အပိုင်းအခြား၊ သွေးလွန် တုပ်ကွေးရောဂါဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လိုနည်းများမှတဆင့်ကူးစက် နိုင်ပါသလဲ၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေဟာ ဘယ်လိုပုံစံမျိုးတွေလဲ၊ သွေးလွန်တုပ်ရောဂါလက္ခဏာပြလာချိန်နှင့် ကလေးအခြအနေများကို အမြဲမပြတ်လေ့လာပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါကို တိုင်းရင်းဆေးပညာနှင့်ဘယ်လိုကုသပေးသလဲ၊ သွေးလွန်တုပ်ကွေးရောဂါကို ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါသလဲ စသည်အချက်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒလမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းတို့က ဆွေးနွေးခဲ့ကြပြီး we love Dalla Page တွင် အချိန်နှင့်တပြေးညီထုပ်လွှင့်ပေးသွားပါမည်။
သီတာဝင်း