တံတား ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်း၊ထုတ်လုပ်ခြင်းစသော ပြစ်မှုများကို ကျူးလွန်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သောအကြောင်းအရာများကို မေးမြန်းဆွေးနွေးရာတံတားမြို့နယ်မြေရဲစခန်းမှ ဒု-ရဲအုပ်ဦးအောင်သိန်း မင်းကမူးယစ်ဆေးဝါး၏ အဓိပ္ပာယ်နှင့်ယနေ့ခေတ်လူငယ်များသည် မူးယစ်ဆေးဝါးကို စမ်းသပ်လိုသည့် ဆန္ဒဖြင့်သုံးစွဲခြင်း၊ လူမှုရေးပြဿနာတစ်ခုခုကြောင့်သုံးစွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်း ဆိုင်ရာရောဂါ တစ်ခုခုကြောင့် ဆေးအဖြစ် သုံးစွဲရာမှ ဆက်လက်သုံးစွဲခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဗဟုသုတနည်းပါးခြင်းတို့ကြောင့် ဆေးသုံးစွဲရာမှ ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၏လက္ခဏာများ၊ မူးယစ်ဆေးဝါးဆိုင်ရာပြဌာန်းထားသည့်ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ၊ နိုင်ငံတော်၏ မူးယစ်ဆေးဝါးပပျောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် မူဝါဒများကို ဥပဒေပုဒ်မများဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(တံတား)