ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်

ဇီးကုန်း ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကို ယမန်နေ့ညနေက ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစောလင်းသိန်းနှင့် ဝန်ထမ်းများသည် ဇွန်လ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သရက်တပင်ကျေးရွာအုပ်စု၊ သစ်မျောကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော အမိုးလန်နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄,၂၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၄,၂၀၀)ကျပ်ကို ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

တင့်ဆွေ (ပြန်/ဆက်)