ပိုင်ကျုံမြို့ ဒေါ်လန်း-ဘုရားကုန်း ကျေးရွာချင်းဆက် မြေသားလမ်း (၆)ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ဒေါ်လန်း‌ကျေးရွာအုပ်စု၊ ဒေါ်လန်း-ဘုရားကုန်းကျေးရွာ ရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမိုင်းမြို့တွင် အသက်(၁၂)အထက်  ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ အခြေခံပညာ  စာသင်ကျောင်းများတွင်  ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး   (Sinovac) (ပထမအကြိမ်) ထိုးနှံပေးခြင်းကို   ယမန်နေ့ နံနက် ၉ နာရီက စုရပ် နေရာဖြစ်သည့်  လမိုင်းမြို့အ.လ.က(မွန်)ကျောင်း၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။

မိုးနဲမြို့ မြို့မဈေး ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ ယာယီပိတ်ထားသော မြို့မဈေးကြီးအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်း ကော်မတီထံမှသိရသည်။

ဒဂုံမြို့နယ်တွင် အသက် (၄၀) နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့်အထက် ဦးဝိစာရရပ်ကွက်၊ ယောမင်းကြီး  ရပ်ကွက်နေပြည်သူ စုစုပေါင်း (၃၅၅) ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့တွင် ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့ အခမ်းအနားကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီအက ၂၀၂၁ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် (၄၆၆) ဦး ဆက်လက်ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်လက်ခံလျက်ရှိရာ  ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာသူ ၄၆၆ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။

မရမ်းကုန်းမြို့နယ်ရှိ အသက် (၄၀)နှစ်နှင့်အထက် ပထမအကြိမ် ကိုဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံပြီးသူ (၅၁၂၉၈) ဦးရှိပြီးဖြစ်

လတ်တ​လော ဖြစ်ပွား​နေဆဲဖြစ်သည့် ကိုဗစ် -၁၉ရောဂါ ကာကွယ်​ရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်တိုင်းတွင် စဉ်ဆက်မပြတ်​ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်လည်း ​ဆေးထိုးစုရပ်များ သတ်မှတ်ကာ ​ဦးတည်အုပ်စုအလိုက်​​ ဆေးထိုးနှံ​ပေးလျက်ရှိသည်။

တိုက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်း၊ ဗောဓိကုန်း ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ဆောင်ရွက်နေမှုများကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓါတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။

မင်္ဂလာဒုံ မြို့နယ်ရှိ မြန်မာယမ်စိန် ဖိနပ်စက်ရုံအပါအဝင် စက်ရုံပေါင်း (၁၀)ရုံရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျ လာစေရေးအတွက် စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီက မင်္ဂလာဒုံမြို့နယ်၊ မြန်မာယမ်စိန်ဖိနပ်စက်ရုံ အပါအဝင် စက်ရုံပေါင်း (၁၀)ရုံရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to