တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာတွင် နွေစပါးတစ်ဧကတင်း(၁၂၀)ထွက်ရှိရေး ပညာပေး ဆွေး နွေး
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မီးသွေးတိုက်ကျေးရွာအုပ်စု အပြင်စံရပ် စိတ္တသုခ ဓမ္မာရုံ၌ နွေစပါး တစ်ဧကတင်း(၁၂၀)ထွက်ရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ကျင်းပကြောင်း သိရသည် ။