တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ ကျင်းပ

“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး

သာပေါင်းမြို့နယ်၌၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေ ဆင်လမ်းကျေးရွာအုပ်စု၊ စိုက်ပျိုးဧက(၃၂၇)၊ တောင်သူ(၄၇)ဦး၊ ချေးငွေ(၄၉၀၅၀၀၀၀)ကျပ် ဆက်လက်ထုတ်ချေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။

ပင်းတယမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ အ.လ.က(ခွဲ) ကျောက်စု စာသင်ကျောင်းခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့

ကျိုက်လတ်၌ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ တောင်သူ ဦးဝေလျှံသန်းပိုင် စိုက်ခင်းတွင် ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

နောင်ချိုမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက

ဝေါလေမြိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင်ဒေသခံပြည်သူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများကို သိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် စာသင်ကျောင်းများ၌ သွားရောက်ဖြန့်ဝေခဲ့သည်။

ဒေးဒရဲမြို့၌ ကိုယ်ထူကိုယ်ထ ယာယီကျောင်းဆောင်သစ် ပန္နက်တင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်း ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် နေရာအခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာနေ ပြည်သူများနှင့် အလှူရှင်များစုပေါင်း၍  ကိုယ်ထူကိုယ်ထ ယာယီကျောင်းဆောင်သစ် ပန္နက်တင် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ အမျိုးသမီးများအား Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အမျိုးသမီးများအား Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

ကိုကိုးကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ မိုးတွင်းကာလအတွင်း ခြင်ပေါက်ပွားမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကိုကိုးကျွန်း မြို့နယ်ကျန်မာရေးဦးစီးဌာနမှ ဒေါက်တာ မို့မို့ကျော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင် းအိမ်တိုင်းသို့ ရေတွင်း၊ ရေအိုးနှင့် ရေပုံးများအတွင်း အဘိတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရေပုံး၊ ရေအိုး၊ ရေခွက်များကို မည်သို့မည်ပုံထားရှိရမည်ဖြစ်ကြောင်းကို အသိပညာပေးခြင်းများကို ပြည်သူလူထုသိစေရန် ပြောကြားခဲ့ကြောင်း သိရသည်။
Subscribe to