အမရပူရမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအားမီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀နာရီက ပန်းချီ ကျေးရွာ စစ်ကိုင်း-မန္တလေးကားလမ်းရှိ DENKO ဆီဆိုင်မှ စတင်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးများ    ဆက်လက်ထိုးနှံပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်း ကရဝိတ် ခန်းမတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

သီပေါမြို့နယ်အားကစားကွင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာအားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ  ပြေးခုန်ပစ်ပြိုင်ပွဲကို မြို့နယ်အားကစားကွင်းတွင် ယမန်နေ့နံနက် ၈နာရီက စတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ အရန်မီးသတ်​လေ့ကျင့်​ရေး မွမ်းမံသင်တန်း ဖွင့်လှစ် ​ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အရန်မီးသတ်​လေ့ကျင့်​ရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကို ဒီဇင်ဘာ ၆ ရက်​နေ့၊ နံနက် ၉ နာရီ ခွဲအချိန်က ​ခြေခံပညာ အထက်တန်း​ကျောင်းတွင် ဖွင့်လှစ်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မိတ္ထီလာရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင်အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ပို့ချမည်

မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင်  ဒေသခံအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်ချက်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်း ကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီးတစ်လကြာဖွင့်လှစ်ပို့ချ မည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေ ရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေး ခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့သည်။

ကျိုက်လတ်မြို့နယ်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး  Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကိုယနေ့နံနက် ၁၁ နာရီကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပခဲ့သည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး၌ ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပလျက် ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက စာရေးဆရာ ခင်စောတင့် ဘာသာပြန်သည့် “အမေဆောက်ခဲ့သော ရဲတိုက်ကြီးများ” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
Subscribe to