ချမ်းမြသာစည် ဇွန် ၂၄
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်က မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စိမ်းဝင်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများ၊ ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်နိုင်ရေးများကို မိဘပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသား/သူများ သိရှိနိုင်စေရန် အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းဖြစ်သကဲ့သို့ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး ဟောပြေားခဲ့သည်။
၎င်းနောက် တက်ရောက်လာသူများက ခန်းမအတွင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များ၊ ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်စိမ်းဝင်း (ပြန်/ဆက်)