မန္တလေး ဇွန် ၂၄
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်မျိုးသူတို့က ဦးဆောင်ဆွေးနွေးကြပြီး ပလတ်စတစ်၏အဓိပ္ပာယ်၊ ပလတ်စတစ် အသုံးပြုမှု၏ ဆိုးကျိုးများ၊ အဏ္ဏဝါညစ်ညမ်းမှု၊ အဏ္ဏဝါစွန့်ပစ်ပစ္စည်းများဝင်ရောက်လာရာ လမ်းကြောင်းများ၊ အဏ္ဏဝါသက်ရှိနှင့် ဂေဟစနစ်အပေါ်သက်ရောက်မှု၊ လူမှုစီးပွားအပေါ် သက်ရောက်မှု၊စွန့်ပစ်ပစ္စည်းများ ပင်လယ်တွင်းပျက်စီးဆွေးမြေ့ရန် ကြာသည့်အချိန် အတိုင်းအတာ၊ ပြန်လည်ပြုပြင် ထုတ်လုပ်သုံးစွဲမှုများ၊ စနစ်တကျအမှိုက်စွန့်ပစ်နည်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)