ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မင်းတဲကျွန်းရွာအုပ်စု၊ မင်းတဲကျွန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။