ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ပြည်သူများအား မိုဘိုင်း စနစ်ဖြင့် ကွင်းဆင်းထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီးကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသာ မြို့‌ပေါ်ရှိ ရပ်ကွက် ၉ ခု နှင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှသိရသည်။ ပုံ-ယနေ့နံနက် ၉ နာရီက ကျန်စစ်သားရပ်ကွက်ရှိ အောင်တော်မူ ကျောင်းတိုက်အတွင်း၌ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေစဉ်။

သုံးခွမြို့နယ်ညောင်ပင်ခင်တန်းကျေးရွာတွင် ပန်းခင်းစီမံချက် ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်း‌ဒေသကြီး တောင်ပိုင်းခရိုင်၊သုံးခွမြို့နယ် ညောင်ပင်ခင်တန်းကျေးရွာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေး အတွက် ညောင်ပင်ခင်တန်းကျေးရွာဘုန်း‌တော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက နိုင်ငံသားစိစစ်‌ ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ်ပိုင်းက လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို    ယနေ့ နံနက်(၉)နာရီအချိန်က    စတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ၊ ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ၊ ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဇလွန်မြို့နယ်တွင် ဝန်ထမ်းအင်အားငွေစု ငွေချေးသမဝါယမအသင်း (လီမိတက်)၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဝန်ထမ်းအင်အားငွေစု ငွေချေးသမဝါယမအသင်း (လီမိတက်)၏ ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် စုဆောင်းငွေပေါ် အတိုးများထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင်မြို့နယ်သမဝါယမ ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်‌၌ ဒေသခံ ခရီးသွားပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တွေ့ရှိမှုမရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၁)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် သုံးခွအနောက်ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်း မပျောက် မတည်ရန်ပုံ ငွေကျပ်(၂၉၄)သိန်းအား ထုတ်ချေးပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ခြောက်လတာကာလ၌ မြစိမ်း‌‌ရောင် စီမံကိန်းတိုးချဲ့ကျေးရွာဖြစ်သော သုံးခွအနောက်ကျေးရွာတွင် ယမန်‌နေ့ နံနက် ၁၁ နာရီက မြစိမ်း‌ရောင်ကျေး ရွာစီမံကိန်းအရင်းမပျောက် ရန်ပုံငွေများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု သိကောင်းစရာဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အသိပညာဆွေးနွေးပွဲ(Talk Show) ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to