သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ
မွန်ပြည်နယ်တရားလွှတ်တော် သံဖြူဇရပ် မြို့နယ်တရားရုံးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် National Case Management Program (NCMP) မိတ်ဆက်ရှင်းလင်းပွဲ ကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့သည်။