မကွေး ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဝန်ကြီးဌာန ဌာနတွင်း ရက်တို မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးမြို့၊ အ.ထ.က(၁) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ထမ်းများသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယခုမွမ်းမံသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သူများ အနေဖြင့် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့ ဝန်ထမ်းစံတန်ဖိုးများဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝပြီး တာဝန်ကို လိုလားစွာ ထမ်းဆောင်နိုင်သော ဝန်ထမ်းများ ဖြစ်စေလိုကြောင်းနှင့် သင်တန်း နည်းပြ ဆရာ/ ဆရာမများမှ သင်ကြားပေးသည့် သင်ခန်းစာများအား ကြိုးကြိုးစားစား လေ့လာ သင်ယူစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၅၉)အား (၂၈.၁၂.၂၀၂၁)ရက်နေ့မှ (၃၀.၁၂.၂၀၂၁) ရက်နေ့အထိ သင်တန်းဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)