အိမ်မဲမြို့နယ် မြို့အဝင်လမ်းမကြီးတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်းဆောင်ရွက်

အိမ်မဲ   ဒီဇင်ဘာ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် Clean City,Green City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ မြို့အဝင်လမ်းမကြီးတစ်လျှောက် အမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့်အဖွဲ့ဝန်ထမ်းများ၊ ရဲတပ်ဖွဲ၊ မီးသတ်တပ်ဖွဲ့နှင့် လမ်းဦးစီးဌာတို့မှ စုစုပေါင်းဝန်ထမ်းအင်အား(၁၀၀)ခန့်ဖြင့် စုပေါင်း၍ မြို့အဝင် လမ်းမကြီးတစ်လျှောက် စုပေါင်းအမှိုက်ကောက်ပြီး အမှိုက်ကားများဖြင့် သယ်ယူစွန့်ပစ်ပေးခဲ့ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ၊ ပြန်/ဆက်)