မွန်ပြည်နယ်ဝန်ကြီးချုပ် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ များနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ် သံဃာ့နာယကအဖွဲ့ရုံးတွင် ကျင်းပ ပြုလုပ်သည့် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်သည်၊၊

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၌ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှိုဖျက်ဆီးခြင်းအခမ်းအနားများကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တောင်ကြီးမြို့တို့၌ ကျင်းပပြုလုပ်သည်။

အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၊မိုးရာသီနေကြာမျိုး‌စေ့ထုတ် ထွန်တုံးပိတ် စိုက်ပျိုးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ တလိုင်းခုံကျေးရွာ ၊ကွင်းအမှတ်(၈၀၉)ရှိ တောင်သူဦးလှဝင်း၏ ယာမြေ(၁.၆၇)ဧကတွင် ယမန်‌နေ့ညနေပိုင်းက ၂၀ ၂၂-၂၀၂၃ ခုနှစ် မိုးရာသီနေကြာ(မျိုးစေ့ထုတ်) ထွန်တုံးပိတ် စိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။

ပဲခူးမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသင်းဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဇူလိုင်လ(၃)ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း၌ အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

ဟင်္သာတမြို့နယ်တွင် ထူးချွန်ဆုရ စာရေးဆရာများ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် တတိယအကြိမ် စာပေညီလာခံအတွေ့အကြုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ထူးချွန်ဆုရ စာရေးဆရာများ ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေစကြိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ကြာအင်းဆိပ်ကြီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ အပူ ချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုအား ကြိုတင်ကာကွယ်

ပေါက်တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေး လွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက အနောက်ပိုင်းရပ်ကွက်သို့သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန် တုပ်ကွေးရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပုသိမ်မြို့ အမှတ် ၃၆ အကြီးစားစက်ရုံ (မှန်စက်ရုံ) ဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ပုသိမ်မြို့အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် ၃၆ အကြီးစားစက်ရုံ မှန်စက်ရုံဝန်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပရာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအတွင်းမှ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများ၊ NGO. အသင်း အဖွဲ့များနှင့် ကျေးရွာသူ/ သားများ တက်ရောက်ကြသည်။

ပုဗ္ဗသီရိမြို့နယ်၌ ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့ချခြင်း သရုပ်ပြပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၃၉)၊‌‌ ဆိတ်နံတုံးကွင်းအတွင်းရှိ လယ်မြေပေါ်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့ချခြင်းသရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။
Subscribe to