ရမ်းဗြဲ ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများတွင် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အားကစားပြုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန် က ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပကြရာတွင် ကျောင်းသားကျောင်းသူများအား ကိုယ်ခန္ဓာကျန်မာကြံ့ခိုင်ပြီး အသိဉာဏ်ဗဟုသုတ တိုးပွားလာပြီး အစုအဖွဲ့အလိုက် စုပေါင်းလုပ်ဆောင်တတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂါတ်လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများတွင် အခြေခံပညာကျောင်းများအလိုက် မူလတန်းကျောင်းများတွင် မီတာ(၅၀) အပြေးပြိုင်ပွဲ ကွမ်းသီးကောက်၊ လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲ၊ ယုန်ခုန်ပြိုင်ပွဲ၊ စကောတင်ပြိုင်ပွဲများနှင့်အတူ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းဟေဠိပြိုင်ပွဲများကို ရမ်းဗြဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အောင်နိုင်