စဉ့်ကိုင် ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘယ်လင်းကျေးရွာအုပ်စု တောင်ဦးကျေးရွာ၊ သစ်ခေါက်ကျေးရွာ အုပ်စု သာစည်ကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမူများအား ယနေ့နံနက် (၁၀ ) နာရီက ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေသိန်း (၁၀၀) ကျပ်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘယ်လင်းကျေးရွာအုပ်စု တောင်ဦးကျေးရွာရှိ လမ်းအရှည်ပေ (၁၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆) လက်မနှင့် သစ်ခေါက်ကျေးရွာအုပ်စု သာစည်ကျေးရွာတွင် လမ်းအရှည်ပေ (၃၅၀)ပေ၊ အကျယ် (၁၂)ပေ ၊ ထု(၆)လက်မ ခင်းကျင်းဆောင်ရွက်နေမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ကျေးရွာနေပြည်သူများ အလွယ်တကူသွားလာနိုင်သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် သွားမည်ဖြစ်ပြီး စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်း စသည့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်