ပုံပါကျင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)‌နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ပုံပါကျင်  ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းကစ၍ ပုံပါကျင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ပုလင်းရေထည့်ပြိုင်ပွဲနှင့် မီတာ ၁၀၀ ‌အပြေးပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/သူများမှ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်နှင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)